ကျုပ့်
မျှော်လင့်ချက်တွေ ပျောက်ဆုံးနေခဲ့တာ ကြာခဲ့ပါပြီ။
ကျုပ် ကို လာ လာကောနေတဲ့
လောကကြီး ကို အရွဲတိုက်ရင်း
အားလုံး ကို ကျုပ် ဘောင်ခတ်ထားခဲ့တယ်
ဒီနေ့
ကျုပ် သူမ နဲ့ ဆုံဆည်းခဲ့ကြရင်း
ဖော်ထုတ်လို့ မရတဲ့ ခံစားမှုလေးတစ်ခု
ကျုပ် ရင်ဘတ် ထဲ့ ခိုအောင်းလို့နေတယ်။
စူးရှ တဲ့ သူမ ရဲ့ အကြည့်
သိမ်မွေ့ တဲ့ သူမ ရဲ့ အပြုံး အောက်က
ကျုပ် ရုန်း ရုန်း ကြည့်
အဆုံးမှ သိလိုက်ရတာက
ကျုပ် သူမ ကို ချစ်မိနေပြီတဲ့
ဒီနေ့
ကျုပ် ရင်ဘတ်ထဲ့မှာ
မျှော်လင့်ချက်လေးတစ်ခု
ရှင်သန် ပေါက်ဖွားလို့လာတယ်။ http://bagotharlay1.blogspot.com

No comments:
Post a Comment