မင်္ဂလာပါ .. ကြိုဆိုပါတယ်

4/1/13

ဝိုးတ၀ါး တမ်းခြင်း


 ဝေးနေရင် မသိသာပေမယ့်
နီးနေရင် အရည်ပျော်မလားပဲ
ရင်ထဲမှာ တင်းကျပ်လွန်းလို့
နှုတ်က ဆွံ့အလာတယ်
နောက်ဆုတ်ဖို့ကြိုးစားရင်း
ရှေ့ကိုမတိုးမိဖို့ အခါခါ
ဘာကိုမှန်းမသိပေမယ်
စိုးရိမ်မိတာတော့ အမှန်ပဲ
ယောက်ျားတန်မဲ့လို့ပြောချင်ပြော
အားငယ်မိတာတော့အမှန်ပဲ
ရှင်းဖို့ကြိုးစားရင်းက ပို ပိုရှုပ်လာတယ်
ရုပ်ဝထ္တုတွေနောက်ကိုလိုက်ရင်း
ဖိနပ်တွေလဲ အခါခါလဲခဲ့ရပြီ
မပြည့်စုံတဲ့မှုတွေနဲ့ ဘ၀ကို နဘမ်းလုံးရင်း
ကမ်းလင့်လို့ လှမ်းခဲ့နိုင်မလားလို့
ဝိုးတ၀ါး တမ်းတနေမိတယ်...............

No comments:

Post a Comment

 

Blogger news

Blogroll

About


Wellcome To My Blog