Mirror Download link: iTools Download
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။ အောက်ပုံအတိုင်းပါ။
ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ...ဒါဆို....OK ပြီး။
No comments:
Post a Comment