မင်္ဂလာပါ .. ကြိုဆိုပါတယ်

3/31/13

လေထုကလေးအဖြစ်နဲ့ပြန်လာခွင့်ပြုပါ..


ကောင်ကင်နဲ့မြေကြီး မှာ
ငါဟာ လွင့်မျှော်နေတဲ့
တိမ်တွေ သာ ဖြစ်ခဲ့ မယ်ဆိုရင်
မြေကြီး

ပေါ် က နင့်ကို
နင်မသိအောင်
ငါ နင့်ကို အမြဲ ကြည့်နေမှာ ပါ....
ငါ နင့် အပေါ် ရက်စက်တယ်လို့
နင်ထင်ချင်ထင်ပါ!!!

တွေးချင်တွေးပါ!!!
ငါ နင့် အနား မှာ
အမြဲ ရှိနေတဲ့!!
နင်အမြဲ ရှုရှိုက်နေတဲ့!!
လေထုလေး ဖြစ်ပါရစေလို့ 
ငါ နင်မသိအောင်
ဆုတောင်းနေတဲ့ သူပါ........
ကာရန်နဲ့ ကဗျာဖြစ်အောင်
ငါမရေး တတ်ပါဝူး....
နင့်အကြောင်းတွေကို တော့..
ငါမရေး တတ်တဲ့ ကာရန်တွေနဲ့
ငါ အမြဲ ဖွဲ့နွဲ့ရေး နေမိတယ်......
ငါနင့်ကို မုန်းတယ်လို့
ပြောပေမဲ့......
ငါ့....ရင်ထဲ မှာ
ငါ နင့်ကို ! ချစ်တယ် ! လို့....
ပြောနေတဲ့ စကားကို
နင်ကြားမှာ မဟုတ်ပါ.....
နင့်မသိအောင် ကျခဲ့တဲ့
မျက်ရေတွေ ဟာလဲ
ခုချိန် မှာ.....
ပိုပြီး မြင်နိုင်မှာ
မဟုတ်တော့ပါ....ချစ်သူ...
ငါ သာ တိမ်တိုက်လေး အဖြစ်နဲ့
အဝေး ကို သွားခဲ့ ရင်.....
ငါ နင့်အနား ကို ရောက်အောင်
ပြန်လာပြီး
နင်အတွက်
လေထုလေးဖြစ်ချင်ပါတယ်.......
ဘယ်အချိန်
လေထု ဖြစ်မှန်းမသိတဲ့....
ငါ့ကို နင်ချစ်နေတာ...
ငါ ပိုပြီး ခံစားရလို့ပါ ဟာ.......
ချစ်သူ
ခံစားနေရတဲ့
ငါ့ရဲ့ ဝေဒနာကို
နင်.......
တစ်နေ့ သိပါစေလို့
ငါ ဆုတောင်းနေမိတယ်......
ငါ နင့်ကို မုန်းတယ်(ချစ်တယ်)
နင်သိပါစေ
ငါ့ရင် ထဲက စကားသံကိုပေါ့..........
ငါ.. လေထုလေးဖြစ်ရင်
ငါ... နင့်အနားကို
ရောက်အောင်ပြန်လာခဲ့ မှာပါ...
နင်ပျော်ရွှင်ပါစေနော်.............

 

No comments:

Post a Comment

 

Blogger news

Blogroll

About


Wellcome To My Blog