မင်္ဂလာပါ .. ကြိုဆိုပါတယ်

4/28/13

Sony Xperia P ကို JellyBean (Android v4.1.2) တင်၍ Root လုပ်နည်း

P JB
ကဲကြာပါတယ် Jellybean စားချင်သူများအတွက်ကတော့ Jellybean တင်ရအောင်နော့
ပထမဦးဆုံး သူ့ရဲ့firmware လေးကိုဒေါင်းယူလိုက်ပါ — >   ဒီမှာ
 Password= MMAS

ပြီးရင်တော့ ဇစ်ဖြည်ချလိုက်ပါ…အထဲမှာ ftf ဖိုင်လေးကိုတော့ Flash Tool Folder ထဲက firmware Folder ထဲမှာသွင်းပေးလိုက်ပါ

flash tool driver ကို run ပေးလိုက်ပါ ပြီးရင်တော့ Box ထဲမှာရှိတဲ့ driver တွေကိုအားလုံးကိုအမှန်ခြစ်ပေးပြီး Install ပေးလိုက်ပါ
Flash Tool မရှိသေးပါက ဒီမှာဒေါင်းယူပါ — > FlashTool v0.9.10.1
ဒီပုံမှာကြည့်ပါ
01

ပြီးရင်တော့ Flash Tool Exe ကို Run လိုက်ပါ
မိုးကြိုးသွားပုံလေးကို နှိပ်ပေးလိုက်ပါ
02
ပြီးသွား၇င်တော့ ဒီပုံလေးအတိုင်းရပါမယ်
03
OK ပေးလိုက်ပါ
ပြီးသွားရင်တော့ Firmware ကိုရွေးပေးလိုက်ပါ
No Final verification ကိုအမှန်ခြစ်ပေးပါ (very important)
  1. Wipe data
  2. Wipe cache
  3. Wipe apps log တို့ကတော့ auto check ပြီးသားမို့ပါ
04
ပြီး၇င်တော့ ဖုန်းကိုပါဝါပိတ်ပြီး Back Key ကိုနှိပ်ထားပေး၍ ကြိုးထိုးဖို့ပြောပါလိမ့်မယ်
Xpeia P အတွက်ကတော့ Volume Down Key ကို နှိပ်ထားပေးပြီးကြိုးထိုးပေးလိုက်ပါ release ဖြစ်သွားပြီးတော့ installing လုပ်နေပါလိမ့်မယ်
ခဏစောင့်ပါ 100% ပြည့်သွားရင်တော့ ပြီးပါပြီ (မှတ်ချက်– > flash tool ပုံက ဥပမာပြထားတာပဲရှိပါတယ် P အတွက်က Screen Shot မရိုက်ထားမိပါသောကြောင့်
ုကြိုးဖြုတ်ပြီးဖုန်းကို ပါဝါပြန်ဖွင့်လိုက်ပါ
စတက်တက်ချင်းတော့နည်းနည်းကြာပါမယ်….
ပြီးရင်တော့ Android version ကိုသွားကြည့်လိုက်ပါ v4.1.2 လေးနဲ့လန်းနေတာတွေ့ရပါလိမ့်မယ်  တင်လို့ပြီးပြီဆိုရင်တော့ Root ရအောင်
Unlock Bootloader လုပ်ထားရပါမယ်..အရင်က Unlock Bootloader လုပ်ထားပြီးပြီပဲ ..လိုဘူးလေလို့တော့ ပြောနဲ့နော်….Bootloader Status ကိုပြန်စစ်ကြည့်ပါ..Unlock ဖြစ်ပြီးသားဆိုရင်တော့ ထားလိုက်လေနော့..မဖြစ်သေးရင်ထပ်လုပ်လို်က်ပါ..ဘာလို့အဲဒီလိုပြောပါသလဲဆိုတော့ ကျတော်အဲဒီ P (ICS) Root လုပ်တုန်းက Unlock Bootloader လုပ်ခဲ့ပြီးသားပါ ဒါပေမယ့် ဒီ Jellybean လေးတင်တော့ Bootloader က Lock ပြန်ဖြစ်နေလို့ပါ…
Bootloader Unlock လုပ်နည်းလေးကို မသိသေးသူများအတွက် — >  ဒီနေရာလေးမှာလာကြည့်လိုက်
Unlock ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းစရအောင်
အရင်ဆုံး Fastboot ကို ဒေါင်းလိုက်ပါ  —  > Fastboot
ပြီးရင် သူရဲ့ Kernel လေးဒေါင်းလိုကပါ — >  Kernel.elf
ပြီးရင်တော့ဖုန်းကိုပါဝါပိတ်ထားလိုက်ပါ
Fastboot folder ထဲကို kernel.elf လေးသွားထည့်ထားလိုက်ပါ
စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ
မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources  ၂ ခုစလုံးကို ON ထားပေးပါ
ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….
Power Off … ခဏစောင့်ပေးပါ..ပြီးရင်
Volume Up Key ကိုနှိပ်ထားပေးပြီး USB ကြိုးထိုးလိုက်ပါ………
Fastboot Folder ကိုဖွင့်လိုက်ပါ………
အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်
* open command  window here * ဆိုတာလေးကို နှိပ်လိုက်ပါ….

CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး
fastboot1
အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.
မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့  ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ
ရိုက်ထည့်ရမည့်စာကြောင်းက >>>    fastboot flash boot kernel.elf    <<<
ခဏလေးပဲကြာပါမယ် ၁စက္ကန့်နီးပါးလောက်ပေါ့
ပြီးရင်တော့ ဒီ ကောင်လေးရိုက်ထည့်လိုက်ပါ >>> fastboot reboot <<<
ဖုန်းက reboot ကျသွားပါလိမ့်မယ်
ခဏစောင့်ပါ ဖုန်း Boot ပြန်တက်လာပါလိမ့်မယ်..
ပြီးရင်တော့ Super Su လေးကိုရှာကြည့်လိုက်ပါ…တွေ့မှာမဟုတ်သေးပါဘူး
ICS Root တုန်းကတော့ Kernel လေးချိန်းပေးလိုက်ရင် Root ပြီးသွားဖြစ်သွားပါလိမ့်မယ်
အခုကမရတော့ပါ….
ပြီးရင်တော့ ကြိုးပြန်ချိတ်လိုက်ပါ
ဒီကောင်လေးကို ဒေါင်းလိုက်ပါ — >  E Root.exe
E root လေးကို run လိုက်ပါ Phone ကိုသိနေပြီဆိုရင်တော့ Root ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်
မတွေ့သေးဘူးဆိုရင်တော့ Adb Driver Installer လေးကိုဒေါင်းရအောင်
ဒီမှာဒေါင်းပါ
ပြီး၇င်တော့အဲဒီကောင်လေးကို Run လိုက်ပါ
777
အမှန်ခြစ်ပုံလေးပြနေတယ်ဆိုရင်တော့ Install စရာမလိုပါဘူးခင်ဗျာ
မဟုတ်ဘူးဆို၇င်တော့ install ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ
ပြီးသွားရင်တော့ E root လေးကိုပြန် Run လိုက်ပါ
Root ဆိုတာကိုတွေ့ပါလိမ့်မယ်
Root ဆိုတာလေးကိုနှိပ်လိုက်ပါ ..
အဆင့် ၃အထိမြန်ပါတယ်
အဆင့် ၄ မှာတော့နည်းနည်းကြာပါတယ် ခဏစောင့်ပါ
အဆင့် ၄ပါပြီးပြီဆို၇င်တော့…
ကဲ..ဖုန်း Reboot ကျပြီးပြန်တက်လာပြီဆိုရင်တော့ Super Su လေးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်

ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်သည့်အတွက် အဆင်ပြေမှာပါ

အားလုံးပဲအဆင်ပြေကြပါစေ

No comments:

Post a Comment

 

Blogger news

Blogroll

About


Wellcome To My Blog