မင်္ဂလာပါ .. ကြိုဆိုပါတယ်

4/20/13

For i phone Appsfire Deals FREE Apps


Apple ရဲ့  AppStore မှာ နေ့ စဉ်နေ့ တိုင်း အချိန်နှင့်အမျှ ပိုက်ဆံနဲ့  ရောင်းနေတဲ့ Apps တွေ Free ပေးနေတာ၊ အထူးလျှော့ဈေးနဲ့  ချရောင်းပေးနေတာကို သူငယ်ချင်းတို့  သတိပြုမိကြပါရဲ့ လား...?

သတိပြုမိဖို့  ဘယ်လွယ်ပါ့မလဲ iTunes ကနေပဲ ဖြစ်ဖြစ် iDevice ကနေပဲဖြစ်ဖြစ် AppStore ကို ဝင်လိုက်ရင် တစ်နေ့ တစ်နေ့  Update တွေ Apps အသစ်တွေနဲ့  ပြည့်နေပြီး "Top Free Apps" section မှာလည်း နဂိုကတည်းက FREE ပေးထားတဲ့ Apps တွေသာ တွေ့ ရမှာဖြစ်လို့ ၊ "Buy" ကနေ "FREE" ဖြစ်သွားတဲ့ တန်ဖိုးရှိတဲ့ Apps တွေကို ရှာဖွေဖို့ က အလွန်ခက်ခဲပါတယ်...

အခုကျွန်တော် လမ်းညွှန်ပေးမယ့် Application ကိုသာ သင့် iDevice မှာ Install လုပ်ထားလိုက်ပါ၊ အချိန်နဲ့ အမျှ Apps တွေရဲ့  အခြေအနေတွေကို Update လုပ်ပေးနေမှာဖြစ်လို့  နှစ်သက်ရာ Apps လေးတွေကို လက်မလွတ်စတမ်း
Free အနေနဲ့  ရယူနိုင်ပါလိမ့်မယ်....

"Appsfire Deals" လို့  အမည်ရတဲ့ App ကို AppStore မှာ "FREE" ရယူ Install လုပ်ပါ၊ အဲဒီ Apps လေးက သင့်ကို အချိန်နဲ့  အမျှ Update လုပ်ပေးနေပါလိမ့်မယ်။

ဒီApp လေးကို နေ့ တစ်နေ့ မှာ ပထမဦးဆုံး စဖွင့်လိုက်ပြီ ဆိုတာနဲ့  "APP OF THE DAY" ဆိုပြီး အဲဒီနေ့ အတွက် "FREE" ဖြစ်သွားတဲ့ အကောင်းဆုံး App တစ်ခုကို ရယူနိုင်ဖို့  ပေါ်လာပါလိမ့်မယ်။



"Appsfire Deals" မှာ အဓိက Section (3) ခု အနေနဲ့  "Now Free" "Top Free" "Price Drops" ဆိုပြီး ပါဝင်ပါတယ်။ အသေးစိတ်ကို ရှင်းပြဖို့  မလိုလောက်ဘူး ထင်ပါတယ်။ အောက်မှာ sceen shot လေးတွေကို ကြည့်ကြပါဦး....




ကဲလိုချင်ရင်တော့ Download on Apple Store

No comments:

Post a Comment

 

Blogger news

Blogroll

About


Wellcome To My Blog