မင်္ဂလာပါ .. ကြိုဆိုပါတယ်

4/20/13

PC ကနေ WiFI ထုတ်ပြီး iphone မှာ အသုံးပြုနည်း

PC ကနေ wireless ထုတ်ပြီး IPhone မှာ သုံးနည်းက အောက်ပါနည်းအတိုင်းဖြစ်ပါတယ်။ လုပ်နည်းအဆင့်ဆင့်ကို မသွားခင် သတိထားရမဲ့ အချက်များကိုပြောပြပါမယ်။ သင့်ရဲ့ ကွန်ပျူတာဟာ Internet Cable နဲ့ အင်တာနက် အသုံးပြုနေတာဖ်ြရစပါမယ်။ အင်တာနက် လိုင်းကောင်းရပါမယ်။
၁။ Start >>> Control Panel >>> Network and Internet မှ View network status and tasks သို့မဟုတ် သင့် PC ညာဘက်အောက်ေခြေဒါင့်က အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာပုံပေါ်မှာ Cable Plug ပုံလေးတင်ထားတဲ့ ပုံကို ကလစ်ပြီး Open Network and Sharing Center ကို ကလစ်နှိပ်ပါ။
၂။ Open Network and Sharing Center ကို ကလစ်လိုက်ပါ။ အဲဒီမှာ Manage Wireless Networks ကို ကလစ်ပါ။
၃။ Manage Wireless Networks အကြောင်းက သင့်ရဲ့ PC မှာ ရှိတဲ့ Wireless Address များကို Manage ပြုလုပ်နိုင်ဖို့ပါ။ ပြီးရင် Add ကို ကလစ်ပါ။
၎။ Manually connect to a wireless network မှာ ကိုယ်ပိုင် wireless network အသစ် create လုပ်ရန် Create an ad hoc network ကို ရွေးပါ။ ပြီးရင် Set up a wireless ad hoc network မှာ next ကို ကလစ်ပါ။
၅။Give your network a name and choose security options က Network name မှာ သင့် ကြိုက်နှစ်သက်တဲ့ နာမည်တခုခုကို ပေးနိုင်ပါတယ်။Security Type မှာ ၃ ခုရှိပါတယ်။ WEP ကို ရွေးပါ။ တခြားဟာရွေးမယ်ဆိုရင် သင့် ဖုံးထဲမှာ လိုင်းဝင်ပြီး အင်တာနက်သုံးရမှာမဟုတ်ပါဘူး။ Security Key နေရာမှာ Key ကို ၅ လုံး သို့မဟုတ် ၁၃ လုံး ရိုက်ထည့်ပေးပါ။ ပြီးရင် Save this Network ကို ကလစ်ပါ။ သလုပ်ထားတဲ့ wireless name ကို auto save လုပ်သွားပါလိမ့်မယ်။
၆။ ပြီးရင် Wireless Sharing လုပ်ဖို့ Turn on Internet connection sharing ကို ကလစ်ပါ။ ခဏေစာင့်ပါ Connected လုပ်ဖို့ Sharing လုပ်နေပါလိမ့်မယ်။ Internet connection sharing is enabled ဖြစ်ပြီဆိုရင် Close လိုက်ပါ။
၇။ ဒါဆိုရင် သင့်ကိုယ်ပိုင် နာမည်နဲ့ သင့် PC ကနေ Iphone မှာသုံးဖို့ Wireless ထုတ်နည်း PC ဘက်အပိုင်းမှာ ပြီးပါပြီ ။ သင့် IPhone နဲ့ Connected ဖြစ်ဖို့ Waiting for Users စောင့်နေတာကို Currently Connected to: မှာ တွေ့ရပါလိမ့်မယ်။
၈။ သင့် IPhone မှာ Setting >>> General >>> Network >>> Wifi ကိုသွားပါ။ Wifi Network မှာ သင့်လုပ်ထားတဲ့နာမည်နဲ့ Wifi name မှာ Security Key ထည့်ပါ ။ အားလုံးပြီးပြီဆိုရင်တော့ သင့် IPhone မှာ Wifi ၀င်နေပါပြီ။ အကြိုက်သုံးနိုင်ပါပြီ။

No comments:

Post a Comment

 

Blogger news

Blogroll

About


Wellcome To My Blog